မင်္ဂလာပါ ကျနော့်ရဲ့ INT-WARE ဘလော့လေးမှ လှိုက်လှဲစွာ ကြိုဆိုပါတယ်..ရှာဖွေတွေ့ ရှိသမျှ နည်းပညာလေးများအား တတ်စွမ်းသမျှ ပြန်လည် မျှဝေခံစားစေလိုသော ဆန္ဒဖြင့် ကြိုးစားကာရှာဖွေမျှဝေနေပါမည်။ ဆက်သွယ်ခင်မင်လိုပါက saimyomyataung@gmail.com ပါ။။။

ဝင်းဒိုးစ်မူလအတိုင်းဖြစ်နေဖို့ Deep Freeze ကို အသုံးပြုပုံ


 
Deep Freeze က စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူအလုပ်လုပ်ပုံက ၀င်းဒိုးစ်ရဲ့ System Restore နဲ့ဆင်တူပါတယ်။ ပိုပြီး ပါဝါမြင့်ပါတယ်။Deep Freeze က System File တွေကိုသာမက Data File တွေကိုပါ Restore လုပ်ပါတယ်။Deep Freeze က ၀င်းဒိုးစ် ရီစတတ်လုပ်ပြီးတိုင်းမှာ ဖိုင်တွေအားလုံးကို မူလအခြေအနေပြန်ရောက်သွားစေပါတယ်။ဆိုလိုတာကစက်တလုံးမှာရှိနေတဲ့ ဆော့ဝဲအချို့ကိုဖျက်ပစ်မယ် ... ဖိုင်အချို့ကိုဖျက်ပစ်မယ် ... အဲဒီဖိုင်တွေ ဆော့ဝဲတွေဟာ ၀င်းဒိုးစ်ပြန်ဖွင့်တဲ့အခါပြန်ရှိနေမှာဖြစ်ပါတယ်။
ဖိုင်အဟောင်းဖျက်ပစ်တာတွေ ပြန်ပေါ်လာသလို ဖိုင်အသစ် ထပ်ပြီးသိမ်းထားတာမျိုးကိုလည်း ခွင့်မပြုပါဘူး။ အသစ်ထပ် ထည့်ထားတဲ့ဖိုင်တွေအားလုံး ရီစတတ်လုပ်အပြီးမှာ ပျောက်သွားပါလိမ့်မယ်။ အသစ်ဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်တို့အပါ အ၀င်ပေါ့လေ။အားလုံးပျောက်သွားပါမယ်။
ဆိုတော့ကာ ဒီဆော့ဝဲကိုသုံးမယ်ဆိုရင် စက်ထဲရှိနေပြီးသားဖိုင်တွေကို ဖျက်ပစ်တာတွေ၊ ပြင်ဆင်တာတွေ လုပ်လို့မရပါ။ ဖိုင်အသစ်တွေထပ်ထည့်တာမျိုးလုပ်ခွင့်မရှိပါ။ တကယ်လို့များ ဖိုင်အသစ်တခု ကိုယ်လိုအပ်တယ်ဆိုရင်တော့ ယူအက်စ်ဘီ ဒရိုက်နဲ့ ကူးယူထားမှအဆင်ပြေပါမယ်။
ရွေးချယ်ခွင့်တခုတော့ရှိပါတယ်။ မိတ်ဆွေရဲ့စက်မှာ Drive C, Drive D စသဖြင့် ခွဲထားတယ်ဆိုရင် ၀င်းဒိုးစ်နဲ့ ဒရိုင်ဗာတွေ ရှိတဲ့ Drive Cကိုဘဲ ထိန်းချုပ်ထားနိုင်ပါတယ်။ အဲလိုဆို C ကလွဲလို့ အခြားဒရိုက်တွေမှာကတော့ ပြုပြင်ပြောင်းလဲခွင့်တွေ ရပါလိမ့်မယ်။ ကျနော်ကတော့ ဒီဆော့ဝဲကို ကျနော့်ကွန်ပြူတာသင်တန်းခန်း၊ အင်တာနက်ခန်းမှာသုံးပါတယ်။ အင်တာနက်ခန်းမှာရှိတဲ့ ကွန်ပြူတာတွေကတနေကုန် အင်တာနက်တက်တယ်။ အီးမေးလ်တွေသုံးနေတယ်ဆိုတော့ကာ မလိုအပ်တဲ့ ဗိုင်းရပ်စ်တို့ လိုမျိုးတွေလည်းဝင်ရောက်လာတတ်ပါတယ်။ အဲဒါတွေကို ခဏခဏပြန်ပြန်ရှင်းနေရတာ အလုပ်တခုဖြစ်နေပြီး အချိန်သိပ်ကုန်ပါတယ်။ အခု Deep Freeze
ကို စက်တိုင်းမှာ ထည့်ထားတော့ အိုကေဘဲ။ ဘာမှလုပ်စရာမလိုတော့ဘူး။ တခုခုဖြစ်ရင် (ဗိုင်းရပ်စ်တို့လို ၀င်ရောက်တိုက်ခိုက်တာခံရရင်)ရီစတတ်လုပ်လိုက်ရုံနဲ့ အားလုံးအိုကေ။
လုပ်နည်းစာအုပ်ကိုတော့ အောက်မှာဒေါင်းယူသွားလိုက်ပါနော် ..... အားလုံးအဆင်ပြေနိုင်ပါစေ ....

Download Now !


ကျေးဇူးတင်တယ်ဆိုလျှင် အောက်ကကြော်ငြာလေးကိုတစ်ချက်လောက်နှိပ်ကြည့်ပေးပါ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...